Rakhine Commision

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားလိုပါသည်။ သေဆုံးခဲ့ကြသူများ၊ ဒဏ်ရာရရှိခဲ့ကြသူများ၏ မိသားစုများအား ကော်မရှင်မှ အထူးပင် ဝမ်းနည်းစာနာမိပါသည်။

ရခိုင်ပြည်သူလူထု အေးချမ်းသာယာမှုရှိရေး၊ လုံခြုံမှုရှိရေး၊ ရသင့်ရထိုက်သည့် အခြေခံအခွင့်အရေးများ ရရှိရေးနှင့် ရခိုင်ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် ကော်မရှင်အနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို သတ်မှတ်ပေးထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။