Rakhine Commision

ပုံနှိပ်၊ သတင်းနှင့် မီဒီယာ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ ကော်မရှင်

အောက်ဖော်ပြပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ ကော်မရှင်မှ နောက်ဆုံး သတင်းထုတ်ပြန်ချက်များကို ဖတ်ရှုရန်

သတင်းထုတ်ပြန်ချက် – သြဂုတ်လ၊ ၂၄ ရက်၊ ၂၀၁၆ ခုနှစ်၊ ဗုဒ္ဓဟူးနေ့ ကိုဖီအာနန်မှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ ကော်မရှင်တွင် ဥက္ကဌ အဖြစ်တာဝန်ယူ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့၊ ဥက္ကဋ္ဌ ကိုဖီအာနန်၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့၊ ဥက္ကဋ္ဌအနေနဲ့ ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုများ အပေါ်  ကျွန်တော့်အနေနဲ့ အထူးစိုးရိမ်မိပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောလိုပါတယ်။ လုံခြုံရေး အဖွဲ့ဝင်များ အသက်ဆုံးရှုံးခဲ့ကြောင်း ကြားသိရတဲ့အတွက် ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ထိုတိုက်ခိုက်မှုများရဲ့ ပြင်းထန်မှုနဲ့ ဖြစ်ပွားတဲ့ အတိုင်းအတာ အရ အကြမ်းဖက်မှု ဆိုးဝါးလာမှုဟာ စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး လူ့အဖွဲ့အစည်းတွေ အကြား ပဋိပက္ခတွေ တိုးမြှင့်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ ယင်းသို့ ရက်စက်ပြီး အဓိပ္ပါယ်မဲ့တဲ့ သတ်ဖြတ်မှုတွေ အတွက် ဘယ်လို အကြောင်းရပ်နဲ့မှ တရားမျှတအောင် လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ပြစ်မှုကျူးလွန်သူများဟာ ယင်းတို့ လုပ်ရပ်အတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်။  လုံခြုံရေး တပ်ဖွဲ့များကို အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ အပြစ်မဲ့ ပြည်သူများ ထိခိုက်မှုမရှိရေး သေချာအောင် လုပ်ဆောင်ဖို့ တောင်းဆိုလိုပါတယ်။ အကြမ်းဖက်မှုကို လက်မခံဖို့ လူ့အဖွဲ့အစည်းအားလုံးနဲ့ အဖွဲ့အားလုံးကို အလေးအနက် တောင်းဆိုလိုပါတယ်။ လုံခြုံမှုနဲ့ တည်ငြိမ်မှုနှစ်ပေါင်းများစွာ မရှိခဲ့ပြီးတဲ့နောက် အကြမ်းဖက်မှုဟာ ရခိုင်ပြည်နယ်မှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေ အတွက် အဖြေမဟုတ်ဘူးဆိုတာ ရှင်းလင်းပြတ်သားလှပါတယ်။

Continue reading
သတင်းစာရှင်းလင်းပွဲဖိတ်ကြားစာ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ မြန်မာအစိုးရသို့ တင်ပြမည့် အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များကို ရှင်းလင်းတင်ပြမည့်ပွဲသို့ တက်ရောက်ရန် မီဒီယာများအား ဖိတ်ကြားအပ်ပါသည်။ နေ့ရက် ။              ။ ဩဂုတ်လ ၂၄ ရက်၊ ၂၀၁၇ ခုနှစ် (ကြာသပတေးနေ့) နေရာ ။                 ။ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၊ ပထမထပ်ခန်းမ (၂)။ အချိန် ။                 ။ ညနေ ၄ နာရီ မှ ညနေ ၆ နာရီအထိ။ ကော်မရှင်အနေဖြင့် အပြီးသတ် အစီရင်ခံစာတွင် ပဋိပက္ခ ကာကွယ်တားဆီးခြင်း၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း၊ လူ့အဖွဲ့အစည်းများ အကြား ပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်များ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးမှု စသည်တို့ အပါအဝင် ကော်မရှင်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း အကျုံးဝင်သော အကြောင်းအရာများနှင့် ပတ်သက်သည့် အကြံပြုချက်များကို ပြုလုပ်သွားပါမည်။ အကြံပြုချက်များတွင် မြန်မာအစိုးရအနေဖြင့် ချက်ခြင်း အရေးယူဆောင်ရွက်နိုင်သည့် အကြံပြုချက်များနှင့် ရေရှည် လုပ်ဆောင်သွားရမည့် ကိစ္စရပ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော အကြံပြုချက်များလည်း ပါဝင်ပါသည်။ ရခိုင်ပြည်နယ်တွင်း နေထိုင်သူအားလုံး၏ လူမှုဘဝပိုမိုကောင်းမွန်လာရေးအတွက် အကြံပြုချက်များအဆိုပြုနိုင်ရန် မြန်မာနိုင်ငံအစိုးရက ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားခြင်းဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ …

Continue reading
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ထုတ်ပြန်ချက်

ယမန်နေ့က တပ်မတော် ပို့ဆောင်ရေး လေယာဉ် တစ်စင်း ကပ္ပလီပင်လယ်ပြင်တွင် ပျက်ကျခဲ့မှုကို ကြားသိရသည့်အတွက် ကော်မရှင်က အထူး တုန်လှုပ်ဝမ်းနည်းမိပါသည်။ အထူးသဖြင့် အသက်ဆုံးရှုံးသူများအနက် ကလေးငယ် အမြောက်အမြား ပါဝင်နေသည့် အတွက် များစွာ စိတ်မကောင်းဖြစ်မိပါသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ လေယာဉ်ပေါ်တွင် လိုက်ပါလာသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ၊ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် မြန်မာပြည်သူ၊ ပြည်သားများအတွက် အထူးစာနာဝမ်းနည်းမိပါကြောင်း ဖော်ပြအပ်ပါသည်။ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်စွာ လုပ်ဆောင်နေသည့် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ အားလုံးနှင့် ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ကော်မရှင်မှ ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်။

Continue reading
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်၏ ထုတ်ပြန်ချက်၊ ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ပွဲ

အရင်ဆုံး ကျွန်တော်တို့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အနည်းငယ် မိတ်ဆက် မှတ်ချက်ပြုပါရစေ။ ပထမဦးဆုံး ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်းရဲ့ သဘောသဘာဝဟာ အောက်တိုဘာလ ၉ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ နောက်ဆက်တွဲ လုံခြုံရေး လုပ်ဆောင်ချက်များကြောင့် ပြောင်းလဲမှုရှိတယ်ဆိုတာကို လက်ခံဖို့ လိုပါတယ်။ ဒါတွေကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အေဂျင်စီတွေရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ အစီရင်ခံစာတွေ ထွက်ခဲ့ရပါတယ်။ သို့သော်လည်း ကျွန်တော်တို့ အကြံပေး ကော်မရှင် အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်ရဲ့ လမ်းညွှန်ချက်အတိုင်း ရခိုင်ပြည်နယ်က ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ရေရှည် အဟန့်အတားများအပေါ် အဓိကထားဖို့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နှင့် ပြည်သူများ ကြုံတွေ့ရနေတဲ့ စိန်ခေါ်မှုများဟာ ရှုပ်ထွေးကြောင်း ကျွန်တော်တို့ အသိအမှတ်ပြုပြီး ရေရှည်တည်တံ့တဲ့ အဖြေရှာဖွေရေးမှာ စိတ်ဆုံးဖြတ်မှု ရှိခြင်း၊ ဇွဲရှိခြင်းနဲ့ ယုံကြည်မှု ရှိခြင်းတို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအစီရင်ခံစာထဲမှာ ထည့်သွင်းထားတဲ့အတိုင်း ချက်ချင်း ဆောင်ရွက်လို့ရတဲ့ အဆင့်တွေလဲ ရှိပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေကို ကိုင်တွယ်ဖို့ လုပ်ဆောင်ချက်များကို အစီရင်ခံစာက အဆိုပြုထားပါတယ်။ အကြံပြုချက်တွေထဲမှာ သတင်းထောက်များနဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်း လုပ်ဆောင်နေသူများကို ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ နယ်မြေဒေသတွေဆီ အတားအဆီးမရှိ သွားရောက်ခွင့် ပေးဖို့နဲ့ ၂၀၁၆ ခုနစ် အောက်တိုဘာလ ၉ ရက်နဲ့ နောက်ဆက်တွဲမှာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်များကိုလည်း လွတ်လပ်ပြီး ဘက်မလိုက်တဲ့ …

Continue reading

MEDIA ADVISORY

MEDIA ADVISORY

The Advisory Commission on Rakhine State would like to invite you to a Press Conference for a presentation of its interim recommendations for the Myanmar government. Date: March 16, 2017 (Thursday) Where: Sule Shangri-La, Ground Floor, Bago Room. Time: 4pm These recommendations describe the steps the Myanmar government can take to immediately improve the situation on the ground in Rakhine, while the final report will contain more long-term recommendations. The Government of Myanmar has mandated the Commission to propose recommendations for improving the welfare of all people in Rakhine state. It is composed of six local and three international experts, …

Continue reading
သတင်းစာ ရှင်းလင်းပွဲ ဖိတ်ကြားစာ

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ မြန်မာအစိုးရသို့ တင်ပြမည့် ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်များကို ရှင်းလင်းတင်ပြမည့်ပွဲသို့ တက်ရောက်ရန် မီဒီယာများအား ဖိတ်ကြားအပ်ပါသည်။ နေ့ရက်။             ။ ကြာသပတေးနေ့၊ မတ်လ ၁၆ ရက်။ နေရာ ။              ။ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၊ မြေညီထပ်၊ အခန်း – ပဲခူး။ အချိန်။               ။ ညနေ ၄ နာရီ။ ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်များတွင် ရခိုင်ပြည်နယ်ရှိ  အခြေအနေ တိုးတက်လာစေရန် မြန်မာအစိုးရ အနေဖြင့် လတ်တလော အကောင်အထည်ဖော်နိုင်မည့် အဆင့်များ ပါဝင်မည် ဖြစ်ပြီး နောက်ဆုံး အဆင့် အကြံပြုချက်များတွင် ရေရှည် အကြံပြုချက်များ ပိုမိုပါဝင်မည် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း နေထိုင်သူ အားလုံး၏ လူမှုဘ၀ ပိုမိုကောင်းမွန်လာရေးအတွက် အကြံပြုချက်များ အဆိုပြုနိုင်ရန် မြန်မာနိုင်ငံ အစိုးရက ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားခြင်း ဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ကော်မရှင်၏ ပုံမှန် လုပ်ဆောင်ချက်များကို သိရှိနိုင်ရန် ကော်မရှင်၏  Facebook စာမျက်နှာ နှင့် Twitter အကောင့် (@RakhineComm) တွင် ကြည့်ရှုနိုင်ပါသည်။ သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်သည့် အစီအစဉ်များကို သိလိုပါက Sithu Soe Tint …

Continue reading
ရန်ကုန်လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုအပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့၊ ဥက္ကဋ္ဌ ကိုဖီအာနန် ၏ ထုတ်ပြန်ချက်

ကျွန်တော့်အနေနဲ့ လူအများ လေးစားရတဲ့ ရှေ့နေဦးကိုနီ သေနတ်ဖြင့် ပစ်သတ်ခံရမှုနဲ့ သေနတ်ပစ်သူကို လိုက်လံဖမ်းဆီးရင်း သေဆုံးခဲ့ရတဲ့ ယာဉ်မောင်း ဦးနေဝင်းတို့ ဖြစ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချပါတယ်။ ကျွန်တော့်အနေနဲ့ ကွယ်လွန်သူများရဲ့ မိသားစုများနဲ့ မိတ်ဆွေများထံသို့ အလွန်အမင်း ဝမ်းနည်း ကြေကွဲရပါကြောင်း ပြောလိုပါတယ်။ ဒီသတင်းဟာ တုန်လှုပ်စရာကောင်းပြီး ဝမ်းနည်းစရာ ကောင်းပါတယ်။ လူ့အခွင့်အရေးနဲ့ တရား ဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်နေသူတွေ အပေါ် အကြမ်းဖက်ခြင်းဟာ စက်ဆုပ်ဖွယ် ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေ ဘယ်လိုပဲ ရှိနေပါစေ၊ အပြန်အလှန် ပြောဆိုဆွေးနွေးခြင်းနှင့် သည်းခံခြင်းတို့နဲ့သာ ရှေ့ဆက်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ အကြမ်းဖက်မှုဟာ အဖြေမဟုတ်ပါဘူး။ ဒီ ဆိုးဝါးလှတဲ့ ရာဇဝတ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုပါတယ်။

Continue reading
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်၏ မိန့်ခွန်း

ရန်ကုန်မြို့ – ကျွန်တော်တို့ဟာ စက်တင်ဘာလကစပြီး ရခိုင်ပြည်နယ်က လူငယ်အုပ်စုတွေ၊ ရပ်ရွာလူကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသမီး အစုအဖွဲ့တွေ၊ ကျွန်တော်တို့ ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရ အဖွဲ့ဝင်များ စတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအများအပြားနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ ရခိုင်ဒေသက အသိုက်အဝန်း အသီးသီး အကြား ပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး လူမှုရေး ဖွံ့ဖြိုးမှုတွေကို အဓိက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်ရဲ့ ယဉ်ကျေးမှု ကြွယ်ဝလှတဲ့ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းဖို့နဲ့ စောင့်ရှောက်ဖို့ကိုလည်း ဆွေးနွေးဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေကို ကျွန်တော်တို့ သမ္မတကြီးနဲ့လည်း ဆွေးနွေးခဲ့ပြီး ယနေ့ မနက်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံရာမှာလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီနေရာမှာ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်ကို သတိမူနိုင်စေဖို့ ထပ်မံ သတိပေး ပြောပြလိုပါတယ်။ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်က ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး အားပေး မြှင့်တင်နိုင်ဖို့၊ ဒေသခံ အဖွဲ့အစည်းတွေ အားကောင်းစေဖို့၊ ဖွံ့ဖြိုးမှု တိုးတက် ရရှိစေဖို့၊ ပဋိပက္ခများကို ဖြေရှင်းဖို့၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ပေးဖို့ ဘယ်လိုအားပေး မြှင့်တင်နိုင်မယ် ဆိုတဲ့ နည်းလမ်းတွေကို နိုင်ငံတော် အစိုးရထံ အကြံပြုချက်များ တင်ပြပေးဖို့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကြည့်ရင် …

Continue reading
သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားလွှာရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ရန် မီဒီယာများအား ဖိတ်ကြားအပ်ပါသည်။ နေ့ရက်။ ။ အင်္ဂါနေ့၊ ဒီဇင်ဘာလ ၆ ရက်။ နေရာ ။ ။ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၊ မြေညီထပ်၊ အခန်း - ပဲခူး။ အချိန်။ ။ ညနေ ၄ နာရီ။ ယခုသတင်းစာ ရှင်းလင်းပွဲသည် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ နိုဝင်ဘာလ ၃၀ ရက်တွင် ရန်ကုန်မြို့မှ စတင်ခဲ့သည့် ခရီးစဉ် (နိုဝင်ဘာလ ၃၀ မှ ဒီဇင်ဘာလ ၁ ရက်အထိ) နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အပါအဝင် ရခိုင်ပြည်နယ် ခရီးစဉ် ( ဒီဇင်ဘာလ ၂ ရက်မှ ၄ ရက်အထိ) ၏ အဆုံးသတ်ဖြစ်ပါသည်။ ကော်မရှင် အဖွဲ့ဝင်များသည် ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံ ခေါင်းဆောင်များ၊ လူငယ်အဖွဲ့များ၊ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအပါအဝင် ဒေသခံ ရွာသားများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသည်။ အကြံပေး ကော်မရှင်သည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့နှင့် (ဒီဇင်ဘာလ ၅ ရက်၊ ၆ ရက်) နေပြည်တော်တွင် တွေ့ဆုံရန်လည်း စီစဉ်ထားပါသည်။ ကော်မရှင်၏ နေ့စဉ် နောက်ဆုံးရ အချက်အလက်များကို … Continue reading