Rakhine Commision

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်အား ဆက်သွယ်ရန်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် အခြေစိုက်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ကိုဖီအာနန်ဖောင်ဒေးရှင်းမှ ကော်မရှင်အဖွဲ့ကို စီမံခန့်ခွဲရေးဆိုင်ရာ အကူအညီများ ပံ့ပိုးပါသည်။

ဒါရိုက်တာ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌရုံး

အန်ဒရီယက် အင်ဒရီဂါ့ သည် Norwegian People’s Aid (NPA) အဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် အဖြစ် ၂၀၁၁ မှ ၂၀၁၄ အထိ ဆောင်ရွက်ခဲ့ပါသည်။ ယင်းမတိုင်မီ အစ္စရေး/ပါလက်စတိုင်းနိုင်ငံ၊ International Crisis Group အဖွဲ့ တွင် Senior Analyst အဖြစ်လည်းကောင်း၊ Cote d’Ivoire နိုင်ငံ နှင့် အစ္စရေး/ပါလက်စတိုင်းနိုင်ငံ၊ UN-OCHA တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ပါလက်စတိုင်းနယ်မြေ၊ ဟီဘရွန်မြို့ရှိ Temporary International Presence အဖွဲ့တွင် နော်ဝေးနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။

သူသည် Massachusetts ပြည်နယ်၊ ဘော်စတွန်မြို့ရှိ Harvard Kennedy School of Government ကျောင်း၊ University of Oslo နှင့် Strasbourg ရှိ University Louis Pasteur ကျောင်းတို့မှ ဘွဲ့များရရှိထားပါသည်။ အာရေဗျဘာသာစကားနှင့် စာပေ ၊ သမိုင်းပညာနှင့် နိုင်ငံတကာဆက်ဆံရေးပညာတို့ကို ဆည်းပူးသင်ယူခဲ့ပါသည်။

ဆက်သွယ်ရန်