သတင်းစာရှင်းလင်းပွဲဖိတ်ကြားစာ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ မြန်မာအစိုးရသို့ တင်ပြမည့် အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များကို ရှင်းလင်းတင်ပြမည့်ပွဲသို့ တက်ရောက်ရန် မီဒီယာများအား ဖိတ်ကြားအပ်ပါသည်။
နေ့ရက် ။ ။ ဩဂုတ်လ ၂၄ ရက်၊ ၂၀၁၇ ခုနှစ် (ကြာသပတေးနေ့)
နေရာ ။ ။ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၊ ပထမထပ်ခန်းမ (၂)။
အချိန် ။ ။ ညနေ ၄ နာရီ မှ ညနေ ၆ နာရီအထိ။
ကော်မရှင်အနေဖြင့် အပြီးသတ် အစီရင်ခံစာတွင် ပဋိပက္ခ ကာကွယ်တားဆီးခြင်း၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း၊ လူ့အဖွဲ့အစည်းများ အကြား ပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်များ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးမှု စသည်တို့ အပါအဝင် ကော်မရှင်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း အကျုံးဝင်သော အကြောင်းအရာများနှင့် ပတ်သက်သည့် အကြံပြုချက်များကို ပြုလုပ်သွားပါမည်။
အကြံပြုချက်များတွင် မြန်မာအစိုးရအနေဖြင့် ချက်ခြင်း အရေးယူဆောင်ရွက်နိုင်သည့် အကြံပြုချက်များနှင့် ရေရှည် လုပ်ဆောင်သွားရမည့် ကိစ္စရပ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော အကြံပြုချက်များလည်း ပါဝင်ပါသည်။
ရခိုင်ပြည်နယ်တွင်း နေထိုင်သူအားလုံး၏ လူမှုဘဝပိုမိုကောင်းမွန်လာရေးအတွက် အကြံပြုချက်များအဆိုပြုနိုင်ရန် မြန်မာနိုင်ငံအစိုးရက ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားခြင်းဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
ကော်မရှင်၏ ပုံမှန်လုပ်ဆောင်ချက်များကို သိရှိနိုင်ရန် ကော်မရှင်၏ အောက်ဖော်ပြပါ Facebook စာမျက်နှာ နှင့် Twitter အကောင့်တွင် ကြည့်ရှုနိုင်ပါသည်။
သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်သည့် အစီအစဉ်များကို သိလိုပါက -
Sithu Soe Tint @ Rufus
Senior Account Manager
09960778811
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။