သတင်းစာ ရှင်းလင်းပွဲ ဖိတ်ကြားစာ

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ မြန်မာအစိုးရသို့ တင်ပြမည့် ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်များကို ရှင်းလင်းတင်ပြမည့်ပွဲသို့ တက်ရောက်ရန် မီဒီယာများအား ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ။ ကြာသပတေးနေ့၊ မတ်လ ၁၆ ရက်။
နေရာ ။ ။ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၊ မြေညီထပ်၊ အခန်း - ပဲခူး။
အချိန်။ ။ ညနေ ၄ နာရီ။
ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်များတွင် ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် မြန်မာအစိုးရ အနေဖြင့် လတ်တလော အကောင်အထည်ဖော်နိုင်မည့် အဆင့်များ ပါဝင်မည် ဖြစ်ပြီး နောက်ဆုံး အဆင့် အကြံပြုချက်များတွင် ရေရှည် အကြံပြုချက်များ ပိုမိုပါဝင်မည် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင်း နေထိုင်သူ အားလုံး၏ လူမှုဘ၀ ပိုမိုကောင်းမွန်လာရေးအတွက် အကြံပြုချက်များ အဆိုပြုနိုင်ရန် မြန်မာနိုင်ငံ အစိုးရက ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားခြင်း ဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
ကော်မရှင်၏ ပုံမှန် လုပ်ဆောင်ချက်များကို သိရှိနိုင်ရန် ကော်မရှင်၏ Facebook စာမျက်နှာ နှင့် Twitter အကောင့် (@RakhineComm) တွင် ကြည့်ရှုနိုင်ပါသည်။
သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်သည့် အစီအစဉ်များကို သိလိုပါက
Sithu Soe Tint @ Rufus
Senior Account Manager
09 960 778 811
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။