Rakhine Commision

ကိုဖီ အာနန်၏ မိန့်ခွန်း အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ် လူထုတွေ့ဆုံပွဲ

ကိုဖီ အာနန်၏ မိန့်ခွန်း အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ် လူထုတွေ့ဆုံပွဲ

စစ်တွေ၊ ၆ စက်တင်ဘာ၊ ၂၀၁၆

၁။ ကျွန်တော်နဲ့ ကျွန်တော့် ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ အခု စစ်တွေမှာ ရှိနေတာကို အထူးပဲ ဝမ်းမြောက်မိပါတယ်။

၂။ ကျွန်တော်တို့ မြန်မာပြည်တစ်လွှားမှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့၊ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ တိုးတက်မြှင့်တင်နိုင်ဖို့တွေအတွက် အရေးကြီးပြီး အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတွေ လှမ်းနိုင်ခဲ့တာကို မြင်ခဲ့ကြပြီးပါပြီ။

၃။ သင်တို့တွေဟာ အကြမ်းဖက်မှုတွေနဲ့ သမိုင်းက တရားမျှတမှုမရှိခြင်းတွေကို ဆိုးရွားစွွာ ခါးစည်းခံခဲ့ကြရပြီးပါပြီ။

၄။ ကော်မရှင်ဟာ သင်တို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေ တင်ပြဖို့ တိကျခိုင်မာပြီး ဘက်မလိုက်ပဲ လုပ်ကိုင်သွားမယ်လို့ သင်တို့ကို အာမခံပါရစေ။

၅။ ကျွန်တော်တို့ ရခိုင်မင်းဆက်တွေ အုပ်စိုးခဲ့ရာ ရခိုင်ပြည်နယ်ရဲ့ ကြီးကျယ်ခမ်းနား သမိုင်းနဲ့ ယဉ်ကျေးပြူငှာလှတဲ့ ယဉ်ကျေးမှုဓလေ့တွေကို အလေးဂရုပြုပါတယ်။ ဒါဟာ ရှေ့ဆက်ပြီး ခိုင်မာပြီး အပြုသဘောဆောင်တဲ့ လမ်းကြောင်းကို ရှာဖွေကြမယ့် ကျွန်တော်တို့ကို စိတ်ဓာတ်ခွန်အားပေးပါတယ်။

၆။ တကယ်လို့ ရခိုင်ဒေသခံတွေသာ သူတို့ရဲ့ ကြီးမားလှတဲ့ အလားအလာတွေကို နားလည်သဘောပေါက်မယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖယ်ရှား ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အနာဂတ်ကို တည်ဆောက်ဖို့အတွက် အဓိက လူ့အဖွဲ့အစည်း ၂ ခု အနေနဲ့ ဆယ်စုနှစ်နဲ့ ချီ တည်ရှိလာတဲ့ မယုံကြည်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်ပြီးတော့ အမှန်တရား၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေကို ရင်းနှီးစွာ မျှဝေပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေရမှာဖြစ်ပါတယ်။

၇။ အထူးသဖြင့် ရခိုင်ဒေသမှာနေထိုင်တဲ့ ပြည်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အနာဂတ်ကို ဖန်တီးရပါမယ်။ ကျွန်တော်တို့က အကြံဉာဏ်နှင့် အိုင်ဒီယာများပေးဖို့ ဒီနေရာကို ရောက်နေတာပါ။

၈။ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ ပြည်နယ်အနှံ့က လူ့အဖွဲ့အစည်းတွေ ဘယ်လိုအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြမလဲ၊ လုံခြုံရေးအခြေအနေတိုးတက်စေဖို့ ဘယ်လိုဆောင်ရွက်ကြမလဲ၊ အခြေခံ လူ့အခွင့်အရေးတွေနဲ့ အနာဂတ်ကာလမှာ ပဋိပက္ခတွေကင်းရှင်းဖို့နဲ့ ဖယ်ရှားနိုင်စေဖို့ ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာတွေကို ကျွန်တော်တို့ ထည်သွင်းစဉ်းစားကြမှာပါ။

၉။ ဒေသတွင်းရှိ အင်အားအနည်းဆုံးသော လူ့အဖွဲ့အစည်းတွေအတွက် အကျိုးကျေးဇူးရှိစေဖို့ ဆင်းရဲမွဲတေမှုကို ဘယ်လို အကောင်းဆုံး တိုက်ဖျက်မလဲဆိုတာကို ကျွန်တေ်ာတို့ လေ့လာဖော်ထုတ်မယ်။

၁၀။ ကျွန်တော်တို့ ဒီပြည်နယ်မှာ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာဖို့ ရှေးရှုမယ်။

၁၁။ ရခိုင်ဒေသရဲ့ ဘယ်လို အခြေခံနည်းလမ်းဥပဒေတွေက လက်ရှိစိန်ခေါ်မှုတွေနဲ့ တခြားတပါးသော စိန်ခေါ်မှုတွေအတွက် ထိရောက်ခိုင်မာတဲ့ ဖြေရှင်းချက်ဖြစ်မလဲဆိုတာကို ဆန်းစစ်ဖို့ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပါမယ်။

၁၂။ ကျွန်တော်တို့ လက်ရှိနဲ့ တခြား စိုးရိမ်ဖွယ် ကိစ္စရပ်တွေကို အဖြေရှာဖို့ အတိတ်က ကြိုစာအားထုတ်မှုတွေကို သတိပြုကြပါမယ်။

၁၃။ အဲဒီိလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်တစ်ခွင်က လူ့အဖွဲ့အစည်းတွေ၊ အမျိုးသမီး အဖွဲ့တွေ၊ ဘာသာရေးနဲ့ လူမှုရေးခေါင်းဆောင်တွေနဲ့ တသီးပုုဂ္ဂလပညာရှင်တွေနဲ့ ထိတွေ့ရပါလိ့မ်မယ်။

၁၅။ ဒါ့အပြင် ကျွန်တော်တို့လည်းပဲ ခံနိုင်ရည်၊ ကြောက်စိတ်နဲ့ သံသယတွေကို သတိပြုကြရင်း အောင်ပွဲတွေ အကြိမ်ကြိမ်ရခဲ့ကြပါတယ်။

၁၅။ ဒါကြောင့်ပါပဲ ပထမဆုံး ခရီးစဉ်က ကျွန်တော်တို့အတွက် သင်တို့လို ဒေသခံတွေဆီက နားထောင်ဖို့နဲ့ လေ့လာသင်ယူဖို့ အခွင့်အလမ်းပါ။

၁၆။ နောက်ထပ် ၂ ရက်အကြာမှာ ကျွန်တော်တို့ ဒေသခံခေါင်းဆောင်တွေနဲ့ အကြံပေးညှိနှိုင်းမှု လုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပါလိ့မ်မယ်။

၁၇။ သင်တို့ရဲ့ အဆိုပြုချက်တွေနဲ့ အကြံဉာဏ်တွေက အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိလှပြီးတော့ ကော်မရှင်အနေနဲ့ ဘယ်လို အကောင်းဆုံး ထိရောက်စွာဆောင်ရွက်နိုင်မယ်ဆိုတာကို သိနိုင်တာကြောင့် ကျွန်တော်တို့ရဲ့ အမြင်တွေကို အပြန်အလှန် မျှဝေလဲလှယ်ကြဖို့ မျှော်လင့်ထားပါတယ်။

၁၈။ ကျွန်တော်ထင်ပါတယ်။ ဒီအစည်းအဝေးပွဲကလည်း များပြားလှတဲ့ ပထမဆုံး ဆိုတာတွေထဲက တစ်ခုပါပဲ။

၁၉။ ကော်မရှင် ဥက္ကဌဆိုတဲ့ ကျွန်တော့်ရာထူးက ကော်မရှင်အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကို လမ်းညွှန်ဖို့နဲ့ ပေါင်းစည်းပေးဖို့ ဖြစ်ပါတယ်။

၂၀။ ကျွန်တော် ဒီစိန်ခေါ်မှုတွေကို ဒေသဆိုင်ရာ ရှုထောင့်ကနေကြည့်ရှုပါမယ်။ မြန်မာနိုင်ငံရဲ့ အိမ်နည်းချင်းနိုင်ငံတွေအနေနဲ့လလည်း အပြုသဘောဆန်ဆန် ပါဝင်ကူညီကြဖို့ တိုက်တွန်းပါတယ်။

၂၁။ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား။ ငြိမ်းချမ်းသာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာမှာ ဒေါက်တိုင် ၃ ခု လိုအပ်တယ်လို့ အတွေ့အကြုံတွေက ကျွန်တော့်ကို ညွှန်ပြနေပါတယ်။ ဒါတွေကတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ပဲဖြစ်ပါတယ်။

၂၂။ ဒီဒေါက်တိုင်တွေဟာ အပြန်အလှန် ချိတ်ဆက် မှီခိုနေကြပြီးတော့ ရေရှည်လုံခြုံမှုမရှိပဲ မဖွံ့ဖြိုးနိုင်သလို မဖွံ့ဖြိုးရင်လည်း လုံခြုံမှုမရှိနိုင်ပါဘူး။ တရားဥပဒေစိုးမိုးမှုမရှိပဲ တည်ငြိမ်မှုနဲ့ သာယာဝပြောမှုကို ဘယ် လူ့အဖွဲ့အစည်းကမှ ရေရှည် မထိမ်းသိမ်းနိုင်ပါဘူး။

၂၃။ ကျွန်တော်တို့ နီးနီးကပ်ကပ် လုပ်ကိုင်ကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ရခိုင်ဒေသမှာ ဒီဒေါက်တိုင် ၃ ရပ်ကို ခိုင်ခံ့စေခြင်းဖြင့် အားလုံးအတွက် လုံခြုံအေးချမ်းပြီး သာယာဝပြောတဲ့ အနာဂတ်ကို အာမခံကြပါစို့။