Rakhine Commision

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကော်မရှင် ဥက္ကဌမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ဖြင့် သွားရောက်တွေ့ဆုံ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကော်မရှင် ဥက္ကဌမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ဖြင့် သွားရောက်တွေ့ဆုံ

ရန်ကုန် - ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်သော နေပြည်တော်မြို့တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကော်မရှင်ဥက္ကဌ ကိုဖီအာနန်သည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည်။

ရခိုင်ပြည်နယ်၏ သိမ့်မွေ့နက်နဲသော အခြေအနေများအပေါ် ၄င်းတို့၏ အမြင်ကို ဖလှယ်ခဲ့ကြသည်။ ဗိုလ်မှူးကြီး မင်းအောင်လှိုုင်မှ တပ်မတော်၏ ပူးပေါင်းပါဝင်မှုကို ယုံကြည်စိတ်ချနိုင်ကြောင်း ကော်မရှင်ကို အတည်ပြုခဲ့သည်။

ထို့နောက် ကိုဖီအာနန်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့ ဆက်လက်တွေ့ဆုံခဲ့သည်။ ကိုဖီအာနန်မှ ကော်မရှင်၏ ကနဦး အစီအစဉ်များကို သမ္မတထံ တင်ပြခဲ့ပြီး သမ္မတ ဦးထင်ကျော်မှ ကော်မရှင်နှင့် ၄င်းတို့ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ ပံ့ပိုးပေးမည် ဖြစ်ကြောင်း အာမခံချက် ပေးအပ်ခဲ့သည်။

ကော်မရှင်သည် လွန်ခဲ့သည့် ရက်သတ္တပတ် အစောပိုင်း၌ ရခိုင်ပြည်နယ်တွင် လူထုအသိုင်းအဝိုင်းမျိုးစုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံခဲ့သူများတွင် သံဃာတော်များ၊ ရခိုုင်လွှတ်တော်မှ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ နိုုင်ငံရေးပါတီမှ တာဝန်ရှိသူများ နှင့် ရခိုုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပါဝင်ပါသည်။ ကော်မရှင်အဖွဲ့ဝင်များသည် လူထုုအသိုင်းအဝိုင်းမျိုးစုံမှ ရပ်မိရပ်ဖများ၊ ဒေသခံများ နှင့် တွေ့ဆုံခဲ့ပြီး ယာယီစခန်းများ၊ ရွာများသို့ သွားရောက်ခဲ့ပါသည်။

ကော်မရှင်မှ ၄င်း၏ လုပ်ငန်းစတင်သည့် ရက်သတ္တပတ်တွင် ပထမဦးဆုံး ခရီးစဉ်၏ နောက်ဆုံး အစီအစဉ်အဖြစ် ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ထို သတင်းစာရှင်းလင်းပွဲတွင် ကိုဖီအာနန်မှ အကြံပေးအဖွဲ့ ကော်မရှင်သည် အဓိက အားဖြင့် ပြည်တွင်းကော်မရှင်သာ ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

“နိုုင်ငံခြားကော်မရှင်တစ်ခုုက ပြည်တွင်းရေးကိစ္စတွေကို လာရောက် စုုံစမ်းစစ်ဆေးတယ် လို့ မထင်ဖို့ အရေးကြီးပါတယ်။” ဟု ကိုဖီအာနန် ကပြောသည်။ “ကော်မရှင် အဖွဲ့ဝင် ၉ ရောက်မှာ မြန်မာနိုုင်ငံသား ၆ ယောက်ပါဝင်တဲ့အတွက် မြန်မာကော်မရှင်ဖြစ်ပြီး ဒီကော်မရှင်ဟာ စုံစမ်းစစ်ဆေးဖို့ တည်ထောင်ထားတာ မဟုတ်ဘဲ အစိုးရကို အကြံပြုဖိုု့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။”

ကော်မရှငသည် ရှေ့လာမည့် ရက်များ၊ လများတွင် လူထု အသိုင်းအဝိုင်းအားလုံးမှ အဖွဲ့ဝင်များနှင့် ဆက်လက် ထိတွေ့ ဆောင်ရွက်သွားမည် ဖြစ်သည်။ အကြံပေးအဖွဲ့ ကော်မရှင်၏ အထွေထွေ ရည်မှန်းချက်သည် ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် သိမ်မွေ့နက်နဲသော အရေးကိစ္စများအပေါ် တည်ဆဲနိုင်ငံတကာ စံနှုန်းများနှင့် အညီ ရေရှည်တည်တံ့မည့် ဆောင်ရွက်ချက်များကို ရှာဖွေပေးနိုင်ရန် ဖြစ်သည်။ ကော်မရှင်မှ နောက်ဆုံးအဆင့်အနေဖြင့် အစီရင်ခံစာနှင့် အကြံပေးချက်များကို ၂၀၁၇ ခုနှစ် ဒုတိယ ခြောက်လပတ်တွင် မြန်မာအစိုးရထံ တင်ပြပေးအပ်သွားမည် ဖြစ်သည်။

အချက်အလက်များကို ပိုမိုသိရှိလိုပါက RakhineCommission.org သို့ သွားရောက် ကြည့်ရှုနိုင်ပါသည်။