Rakhine Commision

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ ကော်မရှင်မှ ရန်ကုန်မြို့တွင် ပထမဦးဆုံး တွေ့ဆုံပွဲ ပြုလုပ်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ ကော်မရှင်မှ ရန်ကုန်မြို့တွင် ပထမဦးဆုံး တွေ့ဆုံပွဲ ပြုလုပ်

သတင်းထုတ်ပြန်ချက် - ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ တနင်္လာနေ့

ရန်ကုန် - ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင်ဥက္ကဌနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်း ဥက္ကဌဖြစ်သူ ကိုဖီအာနန်တို့၏ ရှေ့မှောက်၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ ကော်မရှင်သည် ပထမဦးဆုံး တွေ့ဆုံပွဲကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

 

စက်တင်ဘာလ ၆ ရက်နေ့၊ အင်္ဂါနေ့တွင် ကော်မရှင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး လူထု အသိုင်းအဝိုင်း အသီးသီးမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များကို တွေ့ဆုံမည် ဖြစ်သည်။ ကော်မရှင် ဥက္ကဌသည် စက်တင်ဘာလ ၈ ရက်၊ ကြာသပတးနေ့တွင် နေပြည်တော်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတ ဦးထင်ကျော်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုုင်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

 

” မိမိတို့နိုင်ငံကို လူတိုင်းအနေဖြင့် လူ့အခွင့်အရေးကို အပြည့်အဝ ခံစားနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လိုပါကြောင်း၊ ကော်မရှင်အနေနဲ့ အကြောင်းအရင်းများအရင်းခံကိုရှာဖွေနိုင် ပြီး ဖြေရှင်းပေးနိုင်မယ့်နည်းလမ်းများကို အကြံပြုပေးနိုင်မယ်လို့မျှော်လင့်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။

 

ကော်မရှင် ၏လုပ်ငန်းများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုထိပါးလာမည်ကို စိုးရိမ်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံတော်၏အချုပ်အခြာအာဏာကိုထိပါးမည်ကို စိုးရိမ် စရာမရှိကြောင်း၊ အချုပ်အခြာအာဏာကို အစိုးရက ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ပြည်သူတွေကသာပိုင်ဆိုင်ပါကြောင်း၊”

“ရခိုုင်ပြည်နယ်က ပါဝင်ပတ်သက်ဆွေးနွေးတဲ့သူ အများအပြားနဲ့ တွေ့ဆုံပြီး သူတို့ ပြောတာတွေကို သွားနားထောင်ဖို့ မျှော်မှန်းထားပါတယ်၊ ပြီးတော့ ပြည်ထောင်စုအဆင့်ထိလည်းတွေ့ဆုံသွားဖို့ ရှိပါတယ်။ ဒါမှ ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ မျှော်လင့်ချက်တွေနဲ့ စိုးရိမ်မှုတွေကို အပြည့်အဝ ထည့်သွင်းစဉ်းစားထားတဲ့ အဆိုတင်သွင်းမှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။” ဟု ကိုဖီအာနန်မှ ပြောကြားခဲ့သည်

 

အကြံပေးအဖွဲ့ ကော်မရှင်သည် ၂၀၁၇ ခုနှစ် ဒုတိယနှစ်လယ်ပိုင်းတွင် ရှာဖွေတွေ့ရှိချက်များနှင့် အကြံပြုချုက်များကို နိုင်ငံတော် အကြံပေး ပုဂ္ဂိုလ်ထံမှ တဆင့် မြန်မာအစိုးရထံတင်ပြသွားမည် ဖြစ်ပြီး ထိုမှ တဆင့် ၄င်း အစီရင်ခံစာကို ထုတ်ပြန်ဖော်ပြသွားမည် ဖြစ်သည်။

 

ကော်မရှင်အကြောင်း

 

အကြံပေးကော်မရှင်၏ လုပ်ပိုင်ခွင့်သည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသည့် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသော ကိစ္စများအပေါ် ရေရှည်တည်တံ့မည့် ဖြေရှင်းဆောင်ရွက်ချက်များကို မြန်မာအစိုးရထံ အကြံပေးခြင်းဖြစ်သည်။

 

အကြံပေးကော်မရှင်၏ အဖွဲ့ဝင်များအဖြစ် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်မည် ဖြစ်သည်။

  • ကိုဖီအာနန် (ဥက္ကဌ)၊ ကိုဖီအာနန် ဖောင်ဒေရှင်းဥက္ကဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း (၁၉၉၇ - ၂၀၀၆) ၊ နိုဘယ်ဆုရှင် (၂၀၀၁)
  • ဦးဝင်းမြ၊ ဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်
  • ဒေါက်တာသာလှရွှေ၊ နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း
  • မစ္စတာ ဂါဆန် ဆလမ်၊ ယဉ်ကျေးမှုဝန်ကြီး (၂၀၀၀ - ၂၀၀၃) ၊ လက်ဘနွန်နိုင်ငံ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် (၂၀၀၃ - ၂၀၀၆)
  • မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ်၊ ကုလသမဂ္ဂအိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာ အစီအစဉ် (UNAIDS) ၏ အထူးအကြံပေးပုဂ္ဂိုလ် (၂၀၀၅ - ၂၀၀၆) ၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး (၂၀၁၂ - ၂၀၁၅)
  • ဦးအေးလွင်၊ တည်ထောင်သူတစ်ဦးနှင့် အမြူတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ)
  • ဒေါက်တာမြသီတာ၊ ဥက္ကဌ၊ သားဖွားမီးယပ်ပညာအဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆရာဝန်များ အသင်း
  • ဦးခင်မောင်လေး၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်    ဒေါ်စောခင်တင့်၊ ဥက္ကဌ၊ ရခိုင်စာပေးနှင့် ယဉ်ကျေးမှု အသင်း (ရန်ကုန်) ၊ ဒုတိယ-ဥက္ကဌ၊ ရခိုင်အမျိုးသမီးများအသင်း

ကော်မရှင်သည် ရန်ကုန်မြို့တွင် အတွင်းရေးမှူး ရုံးတစ်ခုကို ထားရှိသွားမည် ဖြစ်သည်။