Rakhine Commision

သတင်းထုတ်ပြန်ချက် - သြဂုတ်လ ၂၄ ရက်၊ ၂၀၁၆ ခုနှစ်၊ ဗုဒ္ဓဟူးနေ့

mist

ကိုဖီအာနန်မှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ ကော်မရှင်တွင် ဥက္ကဌ အဖြစ်တာဝန်ယူ

ဂျနီဗာ - နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ကိုဖီအာနန်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ ကော်မရှင်တွင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။ ကိုဖီအာနန်ဖောင်ဒေးရှင်းမှ ကူညီပံ့ပိုးပေးမည့် ဤကော်မရှင်၏ အထွေထွေ ရည်မှန်းချက်သည် ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် သိမ်မွေ့နက်နဲသော အရေးကိစ္စများအပေါ် အကြံပြုပေးနိုင်ရန် ဖြစ်သည်။

ကော်မရှင်မှ ပြည်နယ်တွင်းရှိ လူသားအားလုံး၏ လူမှုနေထိုင်ရေး ကောင်းမွန်တိုးတက်လာစေရန် ပြုလုပ်သင့်သည့် ဆောင်ရွက်ချက်များကို တင်ပြသွားရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးနှင့် လူထုခေါင်းဆောင်များ ဖြင့်ဆွေးနွေးမှုတရပ်ကို စတင်သွားမည် ဖြစ်သည်။

ကော်မရှင်၏ ဆောင်ရွက်ချက်များတွင် ထည့်သွင်းစဉ်းစားသွားမည့် အချက်များမှာ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စများ၊ အခြေခံဝန်ဆောင်မှုများ ရရှိနိုင်ရေးကိစ္စများ၊ အခြေခံအခွင့်အရေးရရှိရန် အာမခံချက်ပေးနိုင်ရေးကိစ္စများ၊ ရခိုင် ပြည်နယ်တွင် နေထိုင်သူများအတွက် လုံခြုံရေး စသည်တို့ ပါဝင်သွားမည် ဖြစ်သည်။


“ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဖို့ ဆိုတဲ့ ဒီအမျိုးသားရေး ကြိုးပမ်းအားထုတ်မှုမှာ ပါဝင်ထောက်ပ့ံခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ရခိုင်ပြည်နယ်က ခေါင်းဆောင်တွေ၊ ပြည်သူတွေဆီက စကားသံတွေကို သွားရောက်နားထောင်ပြီး ပြည်နယ်နဲ့ ဗဟိုအစိုးရ တာဝန်ရှိသူတွေနဲ့ အတူပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီး အားလုံးအတွက် ပိုမို လုံခြုံစိတ်ချရပြီး သာယာဝပြောတဲ့ အနာဂတ်တစ်ခု ခိုင်ခိုင်မာမာရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာ အာနန်မှ ပြောကြားခဲ့သည်။

ကော်မရှင်သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ တနင်္လာနေ့၌ ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် စတင်သွားမည် ဖြစ်သည်။

အကြံပေးကော်မရှင်၏ အဖွဲ့ဝင်များအဖြစ် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်မည် ဖြစ်သည်။

  • ကိုဖီအာနန် (ဥက္ကဌ)၊ ကိုဖီအာနန် ဖောင်ဒေရှင်းဥက္ကဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း (၁၉၉၇ - ၂၀၀၆) ၊ နိုဘယ်ဆုရှင် (၂၀၀၁)
  • ဦးဝင်းမြ၊ ဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်
  • ဒေါက်တာသာလှရွှေ၊ နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း
  • မစ္စတာ ဂါဆန် ဆလမ်၊ ယဉ်ကျေးမှုဝန်ကြီး (၂၀၀၀ - ၂၀၀၃) ၊ လက်ဘနွန်နိုင်ငံ၊
  • ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် (၂၀၀၃ - ၂၀၀၆)
    မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ်၊ ကုလသမဂ္ဂအိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာ အစီအစဉ် (UNAIDS) ၏ အထူးအကြံပေးပုဂ္ဂိုလ် (၂၀၀၅ - ၂၀၀၆) ၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး (၂၀၁၂ - ၂၀၁၅)
  • ဦးအေးလွင်၊ တည်ထောင်သူတစ်ဦးနှင့် အမြူတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ)
    ဒေါက်တာမြသီတာ၊ ဥက္ကဌ၊ သားဖွားမီးယပ်ပညာအဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆရာဝန်များ အသင်း
  • ဦးခင်မောင်လေး၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်
    ဒေါ်စောခင်တင့်၊ ဥက္ကဌ၊ ရခိုင်စာပေးနှင့် ယဉ်ကျေးမှု အသင်း (ရန်ကုန်) ၊ ဒုတိယ-ဥက္ကဌ၊ ရခိုင်အမျိုးသမီးများအသင်း

မေးမြန်းလိုသည်များရှိပါက Bijan Farnoudi Farnoudi@kofiannanfoundation.org သို့ ဆက်သွယ်နိုင်ပါသည်။