Rakhine Commision

သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားလွှာ

သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားလွှာ

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ရန် မီဒီယာများအား ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ အင်္ဂါနေ့၊ ဒီဇင်ဘာလ ၆ ရက်။
နေရာ ။ ။ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၊ မြေညီထပ်၊ အခန်း - ပဲခူး။
အချိန်။ ။ ညနေ ၄ နာရီ။

ယခုသတင်းစာ ရှင်းလင်းပွဲသည် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ နိုဝင်ဘာလ ၃၀ ရက်တွင် ရန်ကုန်မြို့မှ စတင်ခဲ့သည့် ခရီးစဉ် (နိုဝင်ဘာလ ၃၀ မှ ဒီဇင်ဘာလ ၁ ရက်အထိ) နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အပါအဝင် ရခိုင်ပြည်နယ် ခရီးစဉ် ( ဒီဇင်ဘာလ ၂ ရက်မှ ၄ ရက်အထိ) ၏ အဆုံးသတ်ဖြစ်ပါသည်။

ကော်မရှင် အဖွဲ့ဝင်များသည် ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံ ခေါင်းဆောင်များ၊ လူငယ်အဖွဲ့များ၊ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအပါအဝင် ဒေသခံ ရွာသားများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသည်။

အကြံပေး ကော်မရှင်သည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့နှင့် (ဒီဇင်ဘာလ ၅ ရက်၊ ၆ ရက်) နေပြည်တော်တွင် တွေ့ဆုံရန်လည်း စီစဉ်ထားပါသည်။

ကော်မရှင်၏ နေ့စဉ် နောက်ဆုံးရ အချက်အလက်များကို သိရှိနိုင်ရန် ကော်မရှင်၏ Facebook စာမျက်နှာ https://www.facebook.com/rakhinecommission/ နှင့် Twitter အကောင့် https://twitter.com/RakhineComm တွင် ကြည့်ရှုနိုင်ပါသည်။

ရခိုင်ပြည်နယ်တွင်း နေထိုင်သူ အားလုံး၏ လူမှုဘ၀ ပိုမိုကောင်းမွန်လာရေးအတွက် အကြံပြုချက်များ အဆိုပြုနိုင်ရန် မြန်မာနိုင်ငံ အစိုးရက ဖွဲ့စည်းတာဝန်ပေးထားခြင်း ဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်သည့် အစီအစဉ်များကို သိလိုပါက Mangosteen မှ ကိုစိုးသူထွန်း (၀၉၇၉၇၀၀၆၀၁၂) ထံ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။