Rakhine Commision

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ လှုပ်ရှားမှုများ နိုဝင်ဘာ ၊ ဒီဇင်ဘာလ ၂၀၁၆

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ လှုပ်ရှားမှုများ နိုဝင်ဘာ ၊ ဒီဇင်ဘာလ ၂၀၁၆

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ၂၀၁၆ ခုနစ် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိပါသည်။ ကော်မရှင်သည် အစိုးရအဖွဲ့၊ လုံခြုံရေး တပ်ဖွဲ့များ၊ လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် ဒုက္ခသည် စခန်းတွင် နေထိုင်သူများနှင့် ဒေသခံခေါင်းဆောင်များနှင့်ပါ တွေ့ဆုံရန် စီစဉ်ထားပါသည်။

အကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးများနှင့် အစီအစဉ်များ ပြောင်းလဲမှုများ ရှိနိုင်ပါသဖြင့် ဝက်ဆိုဒ်တွင် ပုံမှန် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အစီအစဉ်

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်

INGO Forum Rakhine Network မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း
ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာလေ့လာရေးအဖွဲ့ (CDNH) တွင် လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း
မူဆလင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ/ မူဆလင် တတ်သိပညာရှင်များနှင့် တွေ့ဆုံခြင်း
o အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ
o ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရခိုင်တိုင်းရင်းသား ရေးရာ
ဝန်ကြီးနှင့် ရန်ကုန်မြို့ အခြေစိုက် ရခိုင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံရှိ အဓိကဘာသာကြီးအားလုံးမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်

ရခိုင်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့် တွေ့ဆုံခြင်း

ရခိုင်ဒေသရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း
o People for People
o Community Empowerment Resilience Association
o Community Development and Education
o Wan-Lark Foundation
o Kintha Foundation
o ရခိုင်သဟာယအသင်း
o Rakhine Fisheries Partnership
o အာရက္ခဖောင်ဒေးရှင်း

အမျိးသမီးအစုအဖွဲ့များ
o ရခိုင်အမျိုးသမီးများကွန်ရက်
o ဒေသခံမူဆလင် အမျိုးသမီးများ

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်

မောင်တောရှိ မူဆလင်နှင့် ရခိုင်အသိုက်အဝန်းများ
ဘူးသီးတောင် မြို့မိမြို့ဖများ (မူဆလင်နှင့် ရခိုင်)

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြောက်ဦးရှိ ရခိုင်ကျေးရွာများမှ ကျေးရွာလူကြီးများနှင့် တွေ့ဆုံခြင်း
မြောက်ဦးရှိ မူဆလင်ကျေးရွာများမှ ကျေးရွာလူကြီးများနှင့် တွေ့ဆုံခြင်း
မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူဝင်မှု ကြီးကြပ်ရေး အရာရှိများနှင့် တွေ့ဆုံခြင်း
မြေပုံရှိ မူဆလင် IDP များနှင့် တွေ့ဆုံခြင်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်

နေပြည်တော်

ရခိုင်အမျိုးသားပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ရခိုင်ပြည်နယ်ကိုယ်စားပြု
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နှင့်တွေ့ဆုံခြင်း
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရေး
ဗဟိုကော်မတီ ကော်မတီဝင်များနှင့် တွေ့ဆုံခြင်း

o ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန
o ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
o အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
o ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန
o ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန
o ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်း
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံခြင်း

ညနေ ၄ နာရီ: သတင်းစာ ရှင်းလင်းပွဲ (ဆူးလေ ရှန်ဂရီလာ ဟိုတယ်)

ယခုကဲ့သို့ တွေ့ဆုံပွဲများမှတဆင့် ကော်မရှင်မှ မြန်မာအစိုးရသို့ အကြံပြုချက်များ ပေးသွားမည်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း နေထိုင်သူ အားလုံး၏ လူမှုဘ၀ ပိုမိုကောင်းမွန်လာရေးအတွက် အကြံပြုချက်များ အဆိုပြုနိုင်ရန် မြန်မာနိုင်ငံ အစိုးရက ဖွဲ့စည်းတာဝန်ပေးထားခြင်း ဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။