Rakhine Commision

ဒေါက်တာသာလှရွှေ၊ ပြည်တွင်း ကော်မရှင်အဖွဲ့ဝင်

Dr. Thar Hla Shwe

ဒေါက်တာသာလှရွှေသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပြီး ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။  ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး အကြံပေးမှုပေါင်းများစွာ ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံဆေးတက္ကသိုလ် (၂) ၏ ပါမောက္ခချုပ်အဖြစ် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ၏ ပါမောက္ခဌာနမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၏ တက်ကြွအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ ယာယီသက်သေခံလက်မှတ်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ်အကြံပြုရေးကော်မရှင်တွင်လည်း အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဒေါက်တာသာလှရွှေသည် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) မှ MBBS ဘွဲ့နှင့် Preventive and Tropical Medicine ပညာရပ်တွင် ဘွဲ့လွန်ဒီပလိုမာ၊ London School of Hygiene & Tropical Medicine, UK မှ Clinical Medicine of the Tropics ပညာရပ်တွင် ဒီပလိုမာနှင့် University of Southern California, United States မှ Msc. (Education) ဘွဲ့များရရှိထားပါသည်။