Rakhine Commision

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့၊ ဥက္ကဋ္ဌ ကိုဖီအာနန်၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့၊ ဥက္ကဋ္ဌ ကိုဖီအာနန်၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့၊ ဥက္ကဋ္ဌအနေနဲ့ ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုများ အပေါ်  ကျွန်တော့်အနေနဲ့ အထူးစိုးရိမ်မိပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောလိုပါတယ်။ လုံခြုံရေး အဖွဲ့ဝင်များ အသက်ဆုံးရှုံးခဲ့ကြောင်း ကြားသိရတဲ့အတွက် ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။

ထိုတိုက်ခိုက်မှုများရဲ့ ပြင်းထန်မှုနဲ့ ဖြစ်ပွားတဲ့ အတိုင်းအတာ အရ အကြမ်းဖက်မှု ဆိုးဝါးလာမှုဟာ စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး လူ့အဖွဲ့အစည်းတွေ အကြား ပဋိပက္ခတွေ တိုးမြှင့်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ ယင်းသို့ ရက်စက်ပြီး အဓိပ္ပါယ်မဲ့တဲ့ သတ်ဖြတ်မှုတွေ အတွက် ဘယ်လို အကြောင်းရပ်နဲ့မှ တရားမျှတအောင် လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ပြစ်မှုကျူးလွန်သူများဟာ ယင်းတို့ လုပ်ရပ်အတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်။  လုံခြုံရေး တပ်ဖွဲ့များကို အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ အပြစ်မဲ့ ပြည်သူများ ထိခိုက်မှုမရှိရေး သေချာအောင် လုပ်ဆောင်ဖို့ တောင်းဆိုလိုပါတယ်။

အကြမ်းဖက်မှုကို လက်မခံဖို့ လူ့အဖွဲ့အစည်းအားလုံးနဲ့ အဖွဲ့အားလုံးကို အလေးအနက် တောင်းဆိုလိုပါတယ်။ လုံခြုံမှုနဲ့ တည်ငြိမ်မှုနှစ်ပေါင်းများစွာ မရှိခဲ့ပြီးတဲ့နောက် အကြမ်းဖက်မှုဟာ ရခိုင်ပြည်နယ်မှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေ အတွက် အဖြေမဟုတ်ဘူးဆိုတာ ရှင်းလင်းပြတ်သားလှပါတယ်။